ကျေးသီးမြို့နယ် (Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျေးသီးမြို့နယ် (Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းကျင်းပ



MNP ၊ မတ်  ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့် ပူးပေါင်း၍( Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် (၂)နာရီ ခွဲအချိန်က ဆောင်ရွက်ခဲ့သည်။


အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမြို့နယ် ဦးစီးအရာရှိ ဒေါ်ခင်လေးဝင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ၏ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍   စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ခေါင်းဆောင်မှုအတွေး၏အရေးပါမှု စာအုပ်တွင်ပါရှိသည့် ခေါင်းဆောင်မှု၊ အများ၏ယုံကြည်မှု၊ ရောက်သူတိုင်းစိတ်ချမ်းသာစေသူ၊ ပညာနှင့်တူသောအလင်း၊ တိုတောင်းလှသည်ဘ၀နာရီ၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ အောင်ပွဲနှင့် စည်းရုံးရေး၊ ဇရာကိုဖြတ်သန်းခြင်း စသည့်ဆောင်းပါး များကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ တက်ရောက်လာကြပြီး အပြန်အလှန် ဖတ်ကြားဆွေးနွေးမေးမြန်းခဲ့ကြောင်း စာအုပ်များကိုလည်း ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။


သဲစုပိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)