သာစည်မြို့နယ်တွင် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းများဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သာစည်မြို့နယ်တွင် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းများဖွင့်လှစ်


MNP ၊ မတ်  ၂၂

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းများကို  ယမန်နေ့နံနက် ၉ နာရီက  သတ်မှတ်နေရာများ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


စွမ်းရည်မြှင့်သင်တန်းတွင်   အခြေခံပညာအလယ်တန်းအဆင့်  စွမ်းရည်မြှင့်သင်တန်းကို  သာစည်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ရာ မြို့နယ်အတွင်းရှိ အလယ်တန်းအဆင့်သင်ကျောင်းများမှ သင်တန်းသား  အလယ်တန်းပြ ဆရာ/မများနှင့် ကျောင်းအုပ်ကြီးများ  စုစုပေါင်း ၄၅၈ ဦး တက်ရောက်ကြပြီး   သင်တန်းနည်းပြ ၁၅ ဦးတို့က ဘာသာရပ် ၆ ခုကို ပို့ချကြောင်း သိရသည်။  အခြေခံပညာအထက်တန်းအဆင့်စွမ်းရည်မြှင့် သင်တန်းကို သာစည်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌  ဖွင့်လှစ်ရာ   မြို့နယ်အတွင်းရှိ အထက်တန်းအဆင့်သင်ကျောင်းများမှ  သင်တန်းသား အထက်တန်းပြ ဆရာ/မများနှင့် ကျောင်းအုပ်ကြီးများ စုစုပေါင်း  ၁၈၉ ဦး  တက်ရောက်ကြပြီး နည်းပြ ၉ ဦးတို့က ဘာသာရပ် ၉ ခုကို ပို့ချကြောင်း သိရသည်။


အဆိုပါ သင်တန်းများကို မတ် ၂၁ ရက်မှ မတ် ၂၄ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှညနေ ၄ နာရီအထိပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)