(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပ




MNP ၊ မတ်  ၂၃

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပဲခူးခရိုင်အဆင့် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်  ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းလိုက်လံကြည့်ရှုအားပေးခဲ့သည်။


ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား/သူများမှ (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပဲခူးခရိုင်အဆင့် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲအား ပဲခူးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ ကွန်ပျူတာပန်းချီပြိုင်ပွဲအား အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ပြီး အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား/သူ (၂၅၆)ဦးတို့မှ မူးယစ်ဆေးရန်တို့တွန်းလှန် ကြိုးစားတိုက်ဖျက် နိုင်ငံအတွက်၊ မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပလူမှုဘဝ၊ ငါတို့အနာဂတ်သာယာလှပဖို့ မူးယစ်ကင်းစင်ကမ္ဘာဖန်တီးစို့၊ မျိုးဆက်သစ်များတိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှ တိုက်ထုတ်စို့၊ လုံခြုံစိတ်ချပြည်သူ့ဘဝ မူးယစ်မှန်သမျှတိုက်ဖျက်ကြ၊ မိသားစုနွေးထွေးမှုဖြင့် မိမိတို့၏ရင်သွေးများအား မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ကြပါစို့၊ လူသားချင်းစာနာကျန်းမာဖို့ စိန်ခေါ်မူးယစ်တိုက်ဖျက်စို့စသည့်တို့ကို မိမိတို့ကြိုက်နှစ်သက်ရာခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ကြရာ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှ ‌အအေးနှင့်မုန့်များကျွေးမွေးကြကြောင်း သိရသည်။


အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲအား ပဲခူးခရိုင်အပါအဝင် တိုင်းဒေသကြီးအတွင်း ခရိုင်(၆)ခရိုင်၌ တစ်ချိန်တည်း၊ တစ်ပြိုင်တည်းကျင်းပပြုလုပ်လျက်ရှိပြီး ကွန်ပျူပန်းချီ (၄၅)ဦး၊ ပန်းချီ(၅၄၈)ဦး၊ ကာတွန်း(၆၁)ဦး၊ ပိုစတာ(၆၀)ဦး၊ စုစုပေါင်း(၇၁၄)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရှိရသည်။


သက်ဖြိုးကြိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)