ရွှေတောင်မြို့နယ် တွင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် နွေစပါး စိုက်ပျိုးပြီးစီးမှုအခြေအနေများအားကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် တွင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် နွေစပါး စိုက်ပျိုးပြီးစီးမှုအခြေအနေများအားကွင်းဆင်းစစ်ဆေး





MNP ၊ မတ်  ၂၃

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် တွင် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ခရိုင်စိုက်/ကြပ်ကော်မတီဝင် များ၊ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ နွေစပါး စိုက်ပျိုးပြီးစီးမှုအခြေအနေများအားယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ 


 ရွှေတောင် ဆည်ရေဖြင့်နွေစပါး စိုက်ပျိုးပြီးစီးမှုအခြေအနေများကွင်းဆင်းစစ်ဆေးရာတွင် နွားမယံကျေးရွာအုပ်စု နွေစပါး စိုက်ပျိုးပြီးစီးမှုအခြေအနေများ၊ကြို့ကုန်းကျေးရွာအုပ်စု နွေစပါး စိုက်ပျိုးပြီးစီးမှုအခြေအနေများ၊ကြာနီကန်ရပ်ကွက် နွေစပါး စိုက်ပျိုးပြီးစီးမှုအခြေအနေများ၊မင်းကွန်းကျေးရွာအုပ်စု နွေစပါး စိုက်ပျိုးပြီးစီးမှုအခြေအနေများ၊ဆည်ကြီးကုန်းကျေးရွာအုပ်စု နွေစပါး စိုက်ပျိုးပြီးစီးမှုအခြေအနေများကိုကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။


ရွှေတောင်မြို့နယ်အနေဖြင့်၂၀၂၂ - ၂၀၂၃ခုနှစ် နွေစပါး စိုက်ပျိုးလျာထားဧက ( ၁၁၉၅) ဧကလျာထားခဲ့ပြီး၊ လျာထားဧကထက် (၁၅၆၃) ဧကအထိစိုက်ပျိုးပြီးစီးမှုအခြေအနေများအပေါ် ခရိုင်စိုက် / ကြပ်ကော်မတီဥက္ကဌ ဦးသိန်းအောင်နှင့်ခရိုင်စိုက် / ကြပ်ကော်မတီဝင် များ၊ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်စိုက် / ကြပ်ကော်မတီ ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များကလိုက်ပါစစ်ဆေးကြည့်ရှုခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)