ဒေါပုံမြို့နယ်တွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ ဟောပြောခြင်းနှင့် ရှေးဦးလူနာပြုစုနည်းလက်တွေ့ သရုပ်ပြသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါပုံမြို့နယ်တွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ ဟောပြောခြင်းနှင့် ရှေးဦးလူနာပြုစုနည်းလက်တွေ့ သရုပ်ပြသင်တန်းဖွင့်လှစ်


MNP ၊ မတ်  ၂၃

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ ဟောပြောခြင်းနှင့် ရှေးဦးလူနာပြုစုနည်း လက်တွေ့သရုပ်ပြသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မင်းနန္ဒာလမ်းမပေါ်ရှိ g&g ဝင်း အတွင်းရှိ သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့သည်။


ရှေးဦးစွာ ဒေါပုံမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးသက်ဦးက ကြက်ခြေနီသမိုင်းကြောင်းနှင့် ကြက်ခြေနီအကြောင်းသိကောင်းစရာများကို ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့နောက် သင်တန်းနည်းပြ ၄ ဦးတို့က လူ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံအကြောင်း၊ အဆိပ်မိခြင်းဆိုင်ရာ ကုသနည်းများအကြောင်း၊ အသက်ရှူအားကူနည်းများအကြောင်း၊ ပတ်တီးစည်းနည်းနှင့် လူနာသယ်ဆောင်နည်းများအကြောင်း၊ ဒဏ်ရာအမျိုးအစားပေါ်မူတည်၍ ပြုစုကုသနည်းများအကြောင်းတို့ကို စာတွေ့၊ လက်တွေ့ဖြင့် စနစ်တကျသင်ကြားပို့ ချပေးခဲ့ကြပါသည်။ အဆိုပါသင်တန်းမှာ တစ်ရက်တာသင်တန်းဖြစ်ပြီး CAPIAL Hyper Market နှင့် g&g Store များမှ ဝန်ထမ်း (၂၀) ဦး တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။


ချစ်စုဝေ

 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)