သာကေတမြို့နယ်တွင် ၂၀၂၃ ခုနှစ်အစိုးရဓမ္မာစရိယစာမေးပွဲ ဆက်လက်​ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာကေတမြို့နယ်တွင် ၂၀၂၃ ခုနှစ်အစိုးရဓမ္မာစရိယစာမေးပွဲ ဆက်လက်​ဖြေဆို


MNP ၊ မတ်  ၂၃

 ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင်သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို ယမန်နေ့မွန်းတည့်(၁၂:၀၀)နာရီတွင် သာကေတမြို့နယ်၊ ဇိနမာရ်အောင်စေတီတော်ဝင်းအတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမာန်တော်ကြီး၌ ဆက်လက်ကျင်းပဖြေဆိုရာရန် ကုန်တိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌဘဒ္ဒန္တ အဂ္ဂသာမိနှင့် အထူးကြီးကြပ်ရေး ဆရာတော်(၇)ပါး၊ စာမေးပွဲသြဝါဒစရိယနှင့် အထူးကြီးကြပ်ရေးဆရာတော်(၁၁)ပါး၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင် ဆရာတော်(၁၅)ပါးတို့က အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။


၂၀၂၃ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲဒုတိယနေ့၌ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ ကျမ်းရင်အား သာကေတမြို့နယ်အတွင်းရှိ​ ​ကျောင်းတိုက်အသီးသီရှိသံဃာ​ တော်(၂၁၂) ပါးတို့မှ ဆက်လက်ဝင်​ရောက် ဖြေဆိုကြသည်။အဆိုပါ  အစိုးရဓမ္မစရိယစာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်များနှင့် စာ​​ဖြေဌာနကြီးကြပ်ဆရာတော်များကြီး​ကြပ်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဂေါပကအဖွဲ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပရဟိတလူမှုကူညီရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ ပူပေါင်း၍ စာဖြေသံဃာတော်များ စိတ်အေးချမ်းသာဘေးကင်းစွာဖြင့် ​ဖြေဆိုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆောင်းနှင်းဖြူ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)