မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) အကြိုလှုပ်ရှားမှုအဖြစ် မြစ်ကြီးနား အကျဉ်းထောင်၌ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) အကြိုလှုပ်ရှားမှုအဖြစ် မြစ်ကြီးနား အကျဉ်းထောင်၌ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်



MNP ၊ မတ်  ၉

မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ် (၂၀၂၃) အကြိုလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများက မြစ်ကြီးနားအကျဉ်းထောင်ရှိ အကျဉ်းသား/အကျဉ်းသူများအား ယနေ့နံနက် ၉ နာရီက အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


ထို့သို့ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ရာသို့ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါက်တာတင့်နိုင်၊ ပြည်နယ်အကျဉ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလင်းဗိုလ်နောင်၊ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အကျဉ်းဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ ပူးပေါင်း၍ အကျဉ်းထောင်အတွင်းရှိ ဆေးရုံဆောင်၊ ပြင်ပလူနာဌာနနှင့် အကျဉ်းထောင် စာကြည့်တိုက်တို့တွင် စိတ်ကျန်းမာရေးစောင့်ရှောက်ပေးမှုအနေဖြင့် ကျား/မပေါင်း ၂၁ ဦး၊ နား၊ နှာခေါင်းလည်ချောင်းလူနာ ၂၂ ဦး၊ အရိုးအကြောအဆစ်လူနာ ၃၇ ဦး၊ သွားနှင့်ခံတွင်းလူနာ ၆၀ ဦး၊ မျက်စိရောဂါဝေဒနာရှင် ၈၃ ဦးတို့နှင့် အထွေထွေရောဂါလူနာ ၄၃ ဦး၊ စုစုပေါင်းအကျဉ်းသား/ အကျဉ်းသူ ၂၆၆ ဦးတို့အား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါးကုသပေးခြင်း၊ နှစ်သိမ့်အားပေး ဆွေးနွေးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)