ညောင်ဦးမြို့နယ် မီးဘေးကြိုတင်ကာကွယ်ရေး ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများ စစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် မီးဘေးကြိုတင်ကာကွယ်ရေး ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများ စစ်ဆေးဆောင်ရွက်



MNP ၊ မတ်  ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်ရှိ အရိန္ဒမာဟိုတယ် မီးဘေးလုံခြုံရေးနှင့် မီးသတ်ဦးစီးဌာန စစ်ဆေးထောက်ခံချက်ရယူနိူင်ရေးအတွက် ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်အောင်ဦးဆောင်သော ခရိုင်/မြို့နယ် ပူးပေါင်းစစ်ဆေး ရေးအဖွဲ့မှ ယနေ့ နံနက် ၁၀နာရီအချိန်က သွားရောက်စစ်ဆေးခဲ့သည်။


ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ဟိုတယ်/မိုတယ်/တည်းခိုခန်းများသို့ လာရောက်တည်းခို နေထိုင်ကြမည့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ မီးဘေးအန္တရာယ်နှင့် အသက် ဘေးအန္တရာယ်အတွက် အရေးပေါ်လွတ်မြောက်မှုဆိုင်ရာ ကိစ္စရပ်များသည် အရေးကြီးသည် ဖြစ်သည်နှင့်အညီ ဟိုတယ်တွင်တပ်ဆင်ထားရှိသော မီးထောက်လှမ်းရေးစနစ်များဖြစ်သော Smoke detector များ တပ်ဆင်ထားရှိမှု စံနှုန်းကိုက်ညီခြင်း ရှိ/မရှိ၊ လက်တွေ့ထောက် လှမ်းနိူင်မှုရှိမရှိနှင့် Control Pannel စနစ်မှန်မှန်ကန်မှုရှိ/မရှိ လက်တွေ့စမ်းသပ်စစ်ဆေးခြင်း၊ Fire Alarm Bell များနှင့် User Call Point စနစ်များ တပ်ဆင်ထားရှိမှု မှန်ကန်မှု ရှိ/မရှိ၊ လက်တွေ့အသုံးချနိူင်ခြင်း ရှိ/မရှိ လက်တွေ့စမ်းသပ်စစ်ဆေးခြင်း၊ Fire Hoose Reel များနှင့် Pump စနစ်များတပ်ဆင်ထားရှိထားရှိမှုနှင့် ပတ်သက်၍ သတ်မှတ် Pressure မှီ/မမှီ လက်တွေ့ စမ်းသပ်စစ်ဆေးခြင်း၊ လေဝင်/လေထွက် (Ventelation) စနစ်များ ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးအကြံပြုခြင်း၊ အရေးပေါ်လွတ်မြောက်မှုဆိုင်ရာစနစ်များဖြစ်သည့် Emergency Stair ၊ Emergency Exit Door၊ Emergency Exit Sign များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ စစ်ဆေးအကြံပြုခြင်းတို့အား လှည့်လည်စစ်ဆေး အကြံပြုဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)