ရသေ့တောင်မြို့တွင် လူငယ်များအတွက် နွေရာသီ အားကစားသင်တန်းများဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့တွင် လူငယ်များအတွက် နွေရာသီ အားကစားသင်တန်းများဖွင့်လှစ်




MNP ၊ မတ်  ၉

    ရခိုင်ပြည်နယ်၊ရ‌သေ့တောင်မြို့တွင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သောနွေရာသီ အားကစားသင်တန်းများကိုလူငယ်လူရွယ်များကာယစွမ်းရည်တိုးပွားစေရေး၊ အားလပ်ရက်များကိုအချိန်အကျိုးရှိစွာအသုံးချတတ်စေရေး၊ ရန်သူများအားခုခံနိုင်စွမ်းနှင့်ကျန်းမာကြံ့ခိုင်သောအနာဂတ်လူငယ်များဖြစ်စေရန် ရည်ရွယ်၍‌ဖွင့်လှစ်ခဲ့သည်။


      အဆိုပါသင်တန်းတွင် အား/ကာမှူးဦးအောင်မြင့်သိန်းက နွေရာသီအ‌ ခြေခံအားကစားသင်တန်းဖွင့်လှစ်ရခြင်းသည် အနာဂတ်လူငယ်များ၏ ကျန်းမာကြံ့ခိုင်သောကိုယ်ခန္ဓာဖြင့်‌ကောင်းမွန်‌သော အနာဂတ်တွင်တစ်ထောင့်တစ်နေရာက ပါဝင်ဆောင်ရွက်နိုင်စေရန်၊ အချိန်အကျိုးရှိသူများဖြစ်ကာလမ်းမှားမရောက်စေရေးအတွက်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။


    အဆိုပါနွေရားသီအခြေခံအားကစားသင်တန်းများမှာဘောလုံး၊‌ ဘောလီဘော၊ကရာတေးဒို၊ပိုက်‌ကျော်ခြင်းနှင့် Physical Fitness Danceသင်တန်းများဖြစ်ပြီးသင်တန်းကာလမှာမတ်လ(၅)ရက်နေ့မှ မတ်လ(၃၁)နေ့ထိဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)