မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ မှ ယာယီခို လှုံရာစခန်းများသို့ သွားရောက်၍ အသိပညာဟောပြောခြင်း ၊ စာအုပ်စာစောင် ငှားရမ်းခြင်း နှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ မှ ယာယီခို လှုံရာစခန်းများသို့ သွားရောက်၍ အသိပညာဟောပြောခြင်း ၊ စာအုပ်စာစောင် ငှားရမ်းခြင်း နှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ပြုလုပ်




MNP ၊ မတ်  ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများသို့ သွားရောက်၍ အသိပညာဟောပြောခြင်း ၊ စာအုပ်စာစောင် ငှားရမ်းခြင်း နှင့် လက် ကမ်းစာစောင်ဖြန့်ဝေခြင်းများကိုယနေ့ နေ့လယ် ၁ နာရီအချိန်က အောင်တပ်ရပ်ကွက် မင်္ဂလာအောင်စေတီဘုရား  ယာယီ ခိုလှုံရာစခန်း သို့ သွား ရောက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါ  အသိပညာဟောပြောခြင်း နှင့်Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်း ပေးခြင်းကို ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်စန္ဒာထွန်း ဦးဆောင်၍ ဝန်ထမ်းများ မှ ယာယီခိုလှုံရာစခန်းများရှိ ပြည်သူများကို လူငယ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း နှင့် ကျန်းမာရေး ၊ ပညာရေး၊ စီးပွားရေး စသောအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် စသော အကြောင်းအ ရာများကို ရှင်းလင်းပြောကြားခဲ့သည်။ 


ထို့နောက်  ပြည်သူ့စာကြည့်တိုက်သို့ မလာ ရောက်နိုင်သည့် ယာယီခိုလှုံရာစခန်းမှ ပြည်သူများ  စာအုပ်စာပေများ အလွယ် တကူ လေ့လာ ဖတ်ရှု နိုင်ရန်အတွက် စာဖတ်ပရိသတ်များ ကြိုက်နှစ် သက်သည့် သုတ၊ရသ စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ ၊ ဝတ္တုစာအုပ်များ၊ စိုက်ပျိုးရေးနှင့် ပတ်သတ်သော ဒို့ကျေးရွာဂျာနယ်များ တို့ကို လေ့လာဖတ်ရှုနိုင်ရန်အတွက် စာဖတ်ပရိသတ်များ ၏ လက်ဝယ်အရောက် ကွင်းဆင်းငှားရမ်းပေးခြင်း ဆောင်ရွက်ပေးလျှက်ရှိသည်။ 


ဆက်လက်၍ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာထားရေးနှင့်ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသမီးကော်မတီ မှထုတ်ဝေသော ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လက်ကမ်းစာစောင်များကို ဟောပြောပွဲသို့ တက်ရောက်လာသော ယာယီခိုလှုံရာစခန်းမှ ပြည်သူများနှင့် ယာယီခိုလှုံရာစခန်းတွင် နေထိုင်သော ပြည်သူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ မှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး၊စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment