ပခုက္ကူမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲ (သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ-၂) ကျမ်းရင်းဆက်လက်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲ (သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ-၂) ကျမ်းရင်းဆက်လက်ဖြေဆို



MNP ၊ မတ် ၂၅

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ အစိုးရ ဓမ္မာစရိယစာမေးပွဲ (သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ-၁) ကျမ်းရင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရိပ်သာလမ်းရှိ ပရိယတ္တိဗိမာန် (နှစ်ထပ်စာဖြေဆောင်)၌ ဆက်လက်ဖြေဆို ကြသည်။


အစိုးရဓမ္မာစရိယစာမေးပွဲကို ပရိယတ္တိသာသနာထွန်းကားပျံ့ပွားစေရန် ရည်ရွယ်၍ မတ်လ ၂၁ ရက်မှ ၃၀ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယနေ့၌ အစိုးရဓမ္မာစရိယစာမေးပွဲ (သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌ ကထာ-၂) ကျမ်းရင်းစာရင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း (၉၁) ပါး ဖြစ်ပြီး ကြွရောက်ဖြေဆိုသူ စုစုပေါင်း(၅၁)ပါးရှိကြောင်း ပခုက္ကူခရိုင် သာသနာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျင်ရွှေ ထံက သိရသည်။


အဆိုပါ စာမေးပွဲကို ပခုက္ကူမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော် များနှင့်ဓမ္မာစရိယ ကြီးကြပ်ရေးဆရာတော်များ၏ အနီးကပ်ကြီးကြပ်တို့မှုဖြင့် ဖြေဆိုကြပြီး စာမေးပွဲများ အဆင်ပြေ ချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက စာဖြေသံဃာတော် များနှင့် သီလရှင်များ၏ ဝေယျာဝစ္စများနှင့်ကျန်းမာရေးကိစ္စရပ်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြကြောင်း သိရသည်။


ဘာမီသာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)