ဘိုကလေးမြို့နယ်၊ သက္ကယ်ဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား မှန်မှန်ကန်ကန် စိစစ်ရွေးချယ်ပေးနိုင်ပါရန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ်၊ သက္ကယ်ဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား မှန်မှန်ကန်ကန် စိစစ်ရွေးချယ်ပေးနိုင်ပါရန်


ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ သက္ကယ်ဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် (၁၅)နှစ်ခန့် ကျေးရွာအုပ်စုကို အုပ်ချုပ်ခဲ့ပါသည်။ သက္ကယ်ဆိပ်ကျေးရွာအုပ်စုတွင် (သက္ကယ်ဆိပ်ကျေးရွာ၊ ပတက်၊ ဓားမြချောင်း၊ သမ္ဗာန်ကွဲ၊ ကွက်သစ်) ကျေးရွာခွဲ (၅)ရွာ ရှိပါသည်။ အုပ်ချုပ်ရေးမှူးအနေဖြင့် ကျေးရွာအုပ်စုအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ခဲ့သည်ကို ပြစရာမရှိပါ။ လုပ်ဆောင်ခဲ့ခြင်းလည်း မရှိပါ။ အုပ်ချုပ်ရေးမှူးအနေဖြင့် ကျေးရွာဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း စိတ်ပါဝင်စားစွာ ဆောင်ရွက်ခဲ့ခြင်း မရှိပါ။

၁၈-၃-၂၀၂၃ ရက်နေ့က အုပ်ချုပ်ရေးမှူး အပြောင်းအလဲ လုပ်ခဲ့ပါသည်။ အသစ်ခန့်အပ်လိုက်သော အုပ်ချုပ်ရေးမှူးမှာ ယခင်အုပ်ချုပ်ရေးမှူး(ဟောင်း)၏ နေအိမ်တွင် အလုပ် လုပ်သည့် အလုပ်သမားဖြစ်ပါသည်။ အုပ်ချုပ်ရေးမှူး(ဟောင်း) က သူကြိုးကိုင်နိုင်မည့်သူကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခဲ့ခြင်းမှာ နည်းလမ်းတကျ ဆောင်ရွက်ခြင်း မဟုတ်သဖြင့် လုံးဝလက်ခံနိုင်ခြင်း မရှိပါ။

အသစ်ခန့်အပ်လိုက်သော အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာများတွင်ရှိသော နာယက၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ လက်တွဲ၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ အုပ်ချုပ်ရေးမှူးအသစ်သည် အရက်သေစာ သောက်စားသူဖြစ်ခြင်း၊ ဘာသာရေးအားနည်းခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စိတ်ပါဝင်စားမှု မရှိခြင်းတို့ကြောင့် တာဝန်ရှိ လူကြီးမင်းများအနေဖြင့် ကျေးရွာအုပ်စုအတွင်း သင့်လျော်သူကို ပြန်လည်စိစစ်ရွေးချယ်ပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

ဒေသခံများအနေဖြင့် တပ်မတော်နှင့် ကောင်းမွန်စွာ လက်တွဲဆောင်ရွက်နိုင်သူ၊ အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ်တွင် အလေးထားဆောင်ရွက်နိုင်မည့်သူကိုသာ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ် ခန့်အပ်ပေးစေလိုပါသည်။ 

ယခင် အုပ်ချုပ်ရေးမှူးဟောင်းသည်လည်း အမျိုး ဘာသာ သာသနာရေးကို စိတ်ဝင်စားခြင်း မရှိဘဲ လောင်းကစားလုပ်ငန်းများတွင်သာ ပျော်မွေ့သူဖြစ်ခြင်းကြောင့် အနီးဝန်းကျင် ကျေးရွာအုပ်စုများထက် အစစအရာရာ နောက်ကျခဲ့သည့် ကျေးရွာအုပ်စုဖြစ်ခဲ့ရပါသည်။ ယခင် အုပ်ချုပ်ရေးမှူးဟောင်းမှာ လောင်းကစားသမား ဟုတ်/မဟုတ် ဆိုသည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်းမဟုတ်ဘဲ ဘိုကလေးမြို့ တစ်မြို့လုံးအသိ၊ မြို့ပေါ်မှ လောင်းကစားသမားတိုင်း သိပါသည်။ (စုံစမ်းစစ်ဆေးနိုင်ပါသည်။) ယခုအခါတွင် လောင်းကစားသမားမဟုတ်တော့ဘဲ အရက်သမားကို အုပ်ချုပ်ရေးမှူးခန့်အပ်ခြင်းသည်လည်း ရှေးနည်းတူပင် ဖြစ်ပါလိမ့်မည်။ 

သို့အတွက်ကြောင့် မြို့နယ်၊ ခရိုင် အဆင့်ဆင့်သော တာဝန်ရှိသူများအနေဖြင့် သက္ကယ်ဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို မှန်ကန်စွာ ပြန်လည်ရွေးချယ်ပေးနိုင်ပါရန် အလေးထားတင်ပြအပ်ပါသည်။


ဒေသခံ ပြည်သူတစ်ဦး

#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)