ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး လှည်းကူးမြို့နယ်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာနစုအတွင်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး လှည်းကူးမြို့နယ်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာနစုအတွင်း ကြည့်ရှုစစ်ဆေး


MNP ၊ မတ် ၁၉

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (Commodity Testing and Quality Management - CTQM) သို့ရောက်ရှိပြီး အဆိုပါဌာနစုအတွင်း သီးနှံများ အရည်အသွေးစစ်ဆေးခြင်း၊ စားသုံးဆီများ အရည်အသွေးစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်မှုနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ၏ အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပိုမိုအရည်အသွေး မြင့်မားသည့် ဌာနစုဖြစ်လာရေး၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ကောက်ပဲသီးနှံ ပြည်ပပို့ကုန် မြှင့်တင်ရေးအတွက် အရေးပါသည့် ကုန်ပစ္စည်းစမ်းသပ်စစ်ဆေး မှုလုပ်ငန်းများ ပိုမိုအဆင့်မြှင့် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စများကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ ညီနောင်အသင်းဖြစ်သော မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ အလုပ်အမှုဆောင်များနှင့် တွေ့ဆုံ၍ မြန်မာ့ထောပတ်သီးများ အရည်အသွေးမီ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ဈေးကွက်တိုးချဲ့၍ ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေးနှင့် ပြည်ပသို့တင်ပို့ရာတွင် ဈေးကွက်နိုင်ငံ၏ လိုလားချက်နှင့်အညီ တင်ပို့နိုင်ရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရေးကိစ္စရပ်များကို ဆွေးနွေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းဆန်စပါးဈေးနှုန်း တည်ငြိမ်စေရေး၊ ပြည်တွင်းဈေးကွက်ကို ထိခိုက်မှုမရှိစေဘဲ ပြည်ပသို့ပုံမှန်တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (Co-mmodity Testing and Quality Management - CTQM) နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးညှိနှိုင်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဌာနစုဝင်းအတွင်း ဆန်ကြိတ်ခွဲမှုသင်တန်း ဖွင့်လှစ်ရန်အတွက် သင်တန်းသား၊ သင်တန်းခန်းမနှင့် အိပ်ဆောင်များကို ကြိုတင်ပြင်ဆင်ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment