MNP ၊ မတ် ၁၆
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၈)ရက်၊ နံနက် ၉ နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာနအသီး သီး၌ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်အား ကျောင်းသားကျောင်းသူ(၉၇၆)ဦးတို့မှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ဖြေဆိုနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လှည့် လည်ကြည့်ရှုပြီး ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး တာဝန်ကျ ဆရာ၊ဆရာမ များကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ကျောက်ဖြူခရိုင်၌ စာစစ်ဌာန(၇)ခုရှိသည့်အနက် ပထဝီဝင်ဘာသာရပ်ကို ကျောက်ဖြူမြို့နယ်ရှိ စာစစ်ဌာနများတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၆၂၉)ဦးရှိပြီး ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ (၅၃၀)ဦးရှိကာ ပျက်ကွက်(၉၉)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၈၄.၂၆) ရာခိုင်နှုန်း ရှိကြောင်း၊ ရမ်းဗြဲမြို့နယ်ရှိ စာစစ်ဌာနများတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၅၅၂)ဦးရှိပြီး ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ (၄၄၆)ဦးရှိကာ ပျက်ကွက် (၇၆)ဦး၊ ဖြေဆိုမှု ရာခိုင်နှုန်း(၈၅.၄၄) ရာခိုင်နှုန်းရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့်ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ အမှတ်(၂၁)ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များက ကျောင်းသား၊ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စိတ်အေးချမ်းစွာဖြေဆို နိုင်ရေး ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး
https://t.me/MyanmarNationalPost




No comments:
Post a Comment