သထုံမြို့နယ်၌ ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇတ်တိုက်လေ့ကျင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်၌ ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇတ်တိုက်လေ့ကျင့်





MNP ၊ မတ်  ၁၆

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ငလျင်ဘေးအန္တရာယ် ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပညာပေးဟောပြောခြင်း ဇတ်တိုက်လေ့ကျင့်ခြင်းအား မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ တာဝန်ရှိသူများပူးပေါင်းကာ ယမန်နေ့ နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စု​ပေါင်းရုံးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။


အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပါက သတိပြုရမည့်အချက်များတို့ကို ဆွေးနွေးဟောပြောသည်။


ယင်းနောက် မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့များ၊ ရပ်ကွက်/​ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များပူးပေါင်းကာအင်အား (၁၅၀)ဦးခန့်တို့က ငလျင်ဘေးဖြစ်ပွားပါက စနစ်တကျ ဆောင်ရွက်ရမည့်အချက်များ၊ ဖြစ်ပွားနေစဉ် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ဦးစားပေး ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ရမည့်အုပ်စုများ စသည့် ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)