ကျောက်ဆည်မြို့နယ် ကုလကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် ဘူးစိုက်ပျိုးရောင်းချသူများ အဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် ကုလကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် ဘူးစိုက်ပျိုးရောင်းချသူများ အဆင်ပြေ



MNP ၊ မတ်  ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးအပြင် နေ့စဉ်ဝင်ငွေရရှိရေး မာလကာ၊ ခရမ်း၊ ဘူး၊ ဖရုံ၊ ပဲတောင့်ရှည်၊ နံနံနှင့် ပန်းမျိုးစုံများ စိုက်ပျိုးရောင်းချလျက်ရှိရာ ကုလကျေးရွာတွင် မိသားစု တစ်နိုင်တစ်ပိုင် ဘူးစိုက်ပျိုးရောင်ချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


ဘူးသီးနှံစိုက်ပျိုးမည်ဆိုပါက  သဘာဝမြေဩဇာဖြစ်သည့် နွားချေးနှင့် ထယ်ရေးညက်ညက် မြေပြင်ထားပြီး အပင်သေပျောက်မှုမရှိစေရေး အသင့်ပျိုးထောင်ထားသည့် သန်မာသည့် ပျိုးပင်များကို ရွေးချယ်ကာ တစ်ပင်နှင့် တစ်ပင်(၆)ပေ၊ တစ်တန်းနှင့်တစ်တန်း(၁၈)ပေ စိုက်ပျိုးပါက  လေဝင်လေထွက်နှင့် နေရောင်ခြည် ကောင်းစွာ ရရှိ၍ အသီးအထွက်နှုန်း ကောင်းမွန်ကြောင်းနှင့် ဘူးတစ်ဧကစိုက်ပျိုးမည်ဆိုပါက အပင်အရေအတွက် (၆၀၀)ခန့် ဝင်ဆန့်ကြောင်း၊ စိုက်ပျိုးပြီး(၄၅)ရက်တွင် ရောင်းတန်းဝင်ဘူးသီးများ စတင်ခူးဆွတ် ရောင်းချရကြောင်း၊ ရောင်းဈေးအနေဖြင့် ဈေးကွက်အပေါ်မူတည်ပြီး ဘူးသီးတစ်လုံးလျင် ငွေကျပ်(၅၅၀)ရာမှ (၉၀၀)ကျပ်အထိ အမျိုးမျိုးရောင်းချရပြီး အပင်အပြုအစုကောင်းပါက (၂)လခန့်အထိ တစ်ရက်ခြား ခူးဆွတ် ရောင်းချရကြောင်း ကုလကျေးရွာမှ ဦးစိန်အောင်မှ ပြောပြ၍ သိရသည်။


ဘူးသီးနှံသည်ရေကြိုက်နှစ်သည့် ရေကြိုက်နှစ်သက်သည့်အတွက် မြေအစိုဓာတ်ရှိစေရေး ရေတင်ပေးရ ကြောင်း လိုအပ်ပါက သဘာဝအပင်အားဆေး၊ ပိုနှင်ဆေးများ ဖျန်းပေးရကြောင်း ဘူးသီးနှံသည် မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပြီး ရောင်းချရာတွင် တစ်ရက်ခြား ခူးဆွတ်ပြီး ပွဲရုံတွင် တိုက်ရိုက်ရောင်းချရဖြင့် ဝင်ငွေတစ်လုံး တစ်ခဲတည်းရဖြင့် စိုက်သင့်သည့်သီးနှံတစ်မျိုးဖြစ်ကြောင်း ဘူးစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။


သက်မောင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)