ကျိုက်ထီးဆောင်းဆံတော်ရှင်စေတီတော်မြတ်ကြီး နှစ် (၅၀) ပြည့်ရွှေရတု အထိမ်းအမှတ်ရွှေထီးတော်၊ငှက်မြတ်နားတော်နှင့်ရတနာစိန်ဖူးတော်တို့အားဆပ်ကပ်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထီးဆောင်းဆံတော်ရှင်စေတီတော်မြတ်ကြီး နှစ် (၅၀) ပြည့်ရွှေရတု အထိမ်းအမှတ်ရွှေထီးတော်၊ငှက်မြတ်နားတော်နှင့်ရတနာစိန်ဖူးတော်တို့အားဆပ်ကပ်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ




MNP ၊ မတ်   ၁၂

     မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဆကေသမဟာဓါတု ကျိုက်ထီးဆောင်း ဆံတော်ရှင်စေတီတော်မြတ်ကြီးနှစ်(၅၀) ပြည့် ရွှေရတုမင်္ဂလာအခမ်းအနား အ​ဖြစ် ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့်ရတနာစိန်ဖူးတော်တို့အားဆပ်ကပ် တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကိုယနေ့နံနက်၈ နာရီကဇုတ်သုတ်စံပြ ကျေးရွာ ကျိုက်ထီးဆောင်းဆံတော်ရှင်စေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။


   ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ကျိုက်ထီး​ဆောင်း ဒုတိယဒီပဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ကမ္ဘာ့ ငြိမ်းချမ်းရေးပါရဂူ ဂုဏ်ထူးဆောင်ဒေါက်တာ ဘ္ဒန္တနာဂဒီပထံမှ ဧည့်ပရိသတ် များက ကိုးပါးသီလခံယူ ဆောက်တည်ခဲ့ကြ သည်။


   ယင်းနောက် ရွှေထီးတော်၊ရွှေငှက်မြတ်နားတော်၊ရတနာစိန်ဖူးတော်၊တို့အား ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခြင်းနှင့်ဘလှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့ ကြသည်။ ထို့နောက် ထိုင်းနိုင်ငံအယုဒ္ဓယမြို့၊မဟာချူလာ လောင်ကွန်၊ မဟာဝိဇိယဗုဒ္ဓတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်ဆရာတော် က ဆုတောင်းပဌာနပြု ရွတ်ဖတ်ပူဇော်ခဲ့သည်။ ဆက်လက်၍ ကျိုက်ထီးဆောင်း ဆံတော်ရှင်စေတီတော်မြတ်ကြီးအား ရွှေသားစင်စစ် ရွှေသင်္ကန်းဆပ်ကပ် လှူဒါန်းခြင်း၊ရတနာစိန်ဖူးတော်၊ငှက်မြတ်နားတော်တို့အားဆပ်ကပ်တင်လှူ ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ ဆရာတော်၊သံဃာတော် များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များမှ လက်ယာရစ် (၃)  ပတ်လှည့်လှည် ပူဇော်ခဲ့ပြီး စေတီတော်၏ အထွဋ်အထိပ်သို့ နတ်မြင်းပျံ၊ပန်းရထားတို့ဖြင့် ထီးတော်အား မင်္ဂလာအချိန်တွင် ပင့်ဆောင်တင်လှူပူဇော်ခဲ့ကြပြီး ရွှေမိုး ငွေမိုးများရွာ သွန်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ထူးနောင်  

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)