ရသေ့တောင်မြို့၌စိုက်ပျိုး‌ရေးမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအတွက်မတည်ငွေထုတ်ချေးပေးနိုင်ရေးစီမံကိန်းအဖွင့်မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီရွေးချယ်ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌စိုက်ပျိုး‌ရေးမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအတွက်မတည်ငွေထုတ်ချေးပေးနိုင်ရေးစီမံကိန်းအဖွင့်မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီရွေးချယ်ခြင်းအခမ်းအနားကျင်းပ





MNP ၊ မတ်  ၁၂

ရခိုင်ပြည်နယ်၊စစ်‌တွေခရိုင်၊ရ‌သေ့တောင်မြို့၌ စိုက်ပျိုး‌ရေးမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအတွက်မတည်ငွေထုတ်ချေးပေးနိုင်ရေးစီမံကိန်းအဖွင့်မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီရွေးချယ်ခြင်းအခမ်း အနားကိုယနေ့နံနက်( ၁၀)နာရီအချိန်က ရသေ့တောင်မြို့စိုက်ပျိုးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေ့ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်လင်းထက်မှအဖွင့်အမှာစကားပြောကြားရာတွင်စိုက်ပျိုး‌ရေးမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအတွက်မတည်ငွေထုတ်ချေးပေးနိုင်ရေးကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ မြစိမ်ရောင် ကျေးရွာစီမံကိန်း ရည်ရွယ်ချက်များ၊ စီမံကိန်းဆောင်ရွက်ခြင်း အကျိုးကျေးဇူးများနှင့် လုပ်ငန်းစဉ်များရှင်းလင်းပြောကြားသည်။


ထို့နောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးတင်‌မောင်မှ  ခနောင်းကြီးကျေးရွာအုပ်စုနှင့်မင်းဖူးကျေးရွာအုပ်စုတို့မှတောင်သူများအားမြစိမ်းရောင်စီမံကိန်းအဖွဲ့ဖွဲ့စည်းပြီး တောင်သူများမှသိရှိလိုသည်များကို‌  မေးမြန်းကြရာမြို့နယ်ဦးစီးမှူးက‌သိရှိလိုသည်များကိုပြန်လည်‌ ဖြေကြားခဲ့ပြီးအခမ်းအနားသို့မြို့နယ်ဌာနဆိုင်ရာများနှင့်တောင်သူများ(၆၅ )ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရှိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)