ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံ ဆံတော်မြတ်စေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံ ဆံတော်မြတ်စေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်






MNP ၊ မတ်  ၁၈

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံ ဆံတော်မြတ်စေတီတော်ကြီးတွင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းကာ  ယနေ့  နံနက် ၇ နာရီ အချိန်က စုပေါင်း သန့်ရှင်းရေးကို ပြုလုပ်ခဲ့ကြသည်။ 


ထိုသို့ ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကံထွန်းအောင် ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများက  မြို့ဦးရွှေစည်းခုံ ဆံတော်မြတ်စေတီတော်ကြီးတွင် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော် နိုင်ရေး အတွက်   ရင်ပြင် အနီး အ နား ရှိ အမှိုက် သရိုက် များ ၊ မြက်ပင် ၊ ပေါင် ပင် များအား ခုတ်ထွင် ရှင်းလင်းခြင်း ၊ တံမြက် စည်း လှဲခြင်း ၊  ဘုရား ပရဝဏ် အတွင်း / အပြင် များတွင် သန့်ရှင်း ရေးပြုလုပ်ခြင်း ၊ အမှိုက် များ အားရှင်း လင်း ခြင်းများကို စုပေါင်း ဆောင်ရွက် ခဲ့ကြ ကြောင်း သိရ သည်။


အောင်ကျော်စိန် ၊ သက်လွင်စိုး 

https://t.me/MyanmarNationalPost




No comments:

Post a Comment