ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး


MNP ၊ မတ်  ၁၈

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများအား နေပြည်တော်ကုသရေးဦးစီးဌာန  လက်အောက်ရှိ ​ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီမှ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ပုဗ္ဗသီရိမြို့နယ်၊ ကုတင် (၅၀)​ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သိမ့်သိမ့်ထွေးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အထွေ​ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူ များသည် ဇ၀နဒီပရပ်ကွက်၊ ဇော်ဂျီလမ်းရှိ ဗာကုလအထူး ကုဆေးခန်း၊ ရွှေလီ(၃)လမ်းရှိ ထွန်းသစ် ဆန်းမြိုင် အထူးကုဆေးခန်း၊ ရွှင်လန်းချမ်းမြေ့ အထူးကုဆေးခန်း၊ ယုဇနလမ်း ရှိအောင် မြင်သုခအထွေထွေရောဂါ အထူးကုဆေးခန်းတို့အား သတ်မှတ်လိုင်စင် စည်းကမ်းနှင့် အညီ ဖွင့်လှစ်ထားမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


သန္တာလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)