MNP ၊ မတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသော စုပေါင်းရှင်လောင်းပွဲကို မွေတော်ပရိယတ္တိစာသင်တိုက်၌ ယနေ့နံနက်ပိုင်းမှစ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
စုပေါင်းရှင်လောင်းပွဲတွင် မောင်ရှင်လောင်းများကို ရှင်လောင်းထိန်းများဖြင့် တင်ဆောင်ကာ ရှင်လောင်းများ၏ မိဘများ၊ ပရိက္ခရာများ၊ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်များ၊ ဒေါင်းတောင်များနှင့် ရှမ်းရိုးရာအိုးစည်၊ ဗုံမောင်းတို့ လိုက်ပါလျက် မွေတော်ပရိယတ္တိစာသင်တိုက်မှ မြို့တွင်းလမ်းမများတစ်လျှောက် ရိုးရာရှင်ပြုမင်္ဂလာ ရှင်လောင်းလှည့်လည်ခဲ့ကြပြီး မွေတော်ပရိယတ္တိစာသင်တိုက်သို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းရှင်ပြုပွဲကြီးတွင် ရှင်လောင်းအပါး ၂၀ ပါးတို့အား သာသနာ့ဘောင်အတွင်း သွတ်သွင်းချီးမြှောက် စုပေါင်းကုသိုလ်ပြုမည်ဖြစ်ကြောင်းနှင့် ညနေအချိန်တွင် (၄)ည အိုးစည်ဗုံမောင်းများဖြင့် ရှင်လောင်းများ ကပြဖျော်ဖြေခြင်း၊ ရှမ်းအငြိမ့်သဘင်များဖြင့် ဧည့်ပရိသတ်များအား ဖျော်ဖြေကပြမည်ကြောင်း သိရသည်။
နော်မှိုင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment