MNP ၊ မတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက China EXIM bank ကာလလွန်ကြွေးကျန်များ ကောက်ခံရရှိရေး ကြွေးကျန် အခြေခံအသင်းစုများ ခေါ်ယူတွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကိုကျင်းပ ခဲ့သည်။
အခမ်းအနားတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး China EXIM bank ကာလလွန်ကြွေးကျန်များ အား မတ်လ၂၈ရက်နေ့ နောက်ဆုံးထားပြီး အပြေအကျေပေးဆပ်ရန်နှင့်ပေးဆပ်နိုင်ခြင်းမရှိပါကမြေပြင် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြွေးကျန်များ အပြည့်အဝကောက်ခံရရှိရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးနိုင်စိုး၊ မြို့နယ်သမဦးစီးမှူး ဒေါ်ရီရီစိုး၊မြို့နယ်သမအသင်းစု ဥက္ကဋ္ဌ ၊ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အခြေခံသမအသင်းစု ( ၆၂) စုတို့မှ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး များတက်ရောက်ခဲ့ကြပြီး ပေါင်းစပ်ကူညီဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment