ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များအခမဲ့ငှါးရမ်းလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များအခမဲ့ငှါးရမ်းလျက်ရှိ




MNP ၊ မတ်  ၁၆

ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများ က စာကြည့်တိုက်သို့် မလာရောက်နိုင်သည့်ဝန်ထမ်းများ စာပေများအလွယ်တကူလေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် မြို့ပေါ်ရှိဌာနဆိုင်ရာရုံးများသို့ သွားရောက်၍စာအုပ် စာစောင် များ အခမဲ့ငှါးရမ်းပေးခြင်းကိုဝန်ဆောင်မှုပေးလျက်ရှိရာယမန်နေ့မွန်းလွဲပိုင်းတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စာရင်းစစ်ရုံးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့တွင်ဆောင်ရွက် ခဲ့ကြောင်းသိရသည်။


အဆိုပါရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာတွင် ပြည်သူ့စာကြည့်တိုက်သို့ မလာ‌ရောက်နိုင်သည့် ဝန်ထမ်းများအတွက် သုတ ၊ ရသ စာအုပ်များကိုတစ်ပတ်လျှင်တစ်ကြိမ် ငှါးရမ်းပေးခြင်း နှင့်အသစ်လဲလှယ်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိပြီး စာငှါးသူများစိတ်ကြိုက်ရွေးချယ်ဖတ်ရှုနိုင်ရန် အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာဖတ်သူအကြိုက်စာအုပ်များဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)