ပေါင် မတ် ၁၆
မွန်ပြည်နယ် ၊ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊(Community. Centre)ခန်းမ၌ယနေ့နံနက်(၁၀)နာရီကဝန်ထမ်းများလုပ်ငန်းခွင် အရည်အသွေး မြင့်မားစေရန် ၊မိမိတို့လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှရေးသားသည့် ရုံးလုပ်ငန်းလက်စွဲ စာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မာလာအောင်က ရုံးလုပ်ငန်းလက်စွဲ အခန်း(၁၅၊၁၆)မှရုံးလုပ်ငန်းများ စစ်ဆေးခြင်းနှင့်ရုံးလုပ်ငန်းများကွပ်ကဲခြင်း၊အငယ်တန်းစာရေး ဒေါ်ဖြိုးဝေဝေနှင်းကရုံးလုပ်ငန်းလက်စွဲ အခန်း(၁၇)မှစာတွဲခြင်းနှင့် စာတွဲထိန်းသိမ်းခြင်းတို့ကိုဝန်ထမ်းများနှင့်အပြန်အလှန်ဆွေးနွေး ခဲ့ကြပါသည်။
ပေါင်မြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ လုပ်ငန်းခွင်အရည်အချင်းပြည့်ဝစေရန် ဝန်ထမ်း စာဖတ်ဝိုင်းများကို လစဥ်(၂)ကြိမ်ပြုလုပ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment