ပေါင်မြို့နယ်တွင် ကမ္ဘာ့သယံဇာတများနေ့ကို ကြိုဆိုဂုဏ်ပြုသောအား ရေသယံဇာတနှင့်ရေထုညစ်ညမ်းမှုအကြောင်းသိကောင်းစရာ အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ကမ္ဘာ့သယံဇာတများနေ့ကို ကြိုဆိုဂုဏ်ပြုသောအား ရေသယံဇာတနှင့်ရေထုညစ်ညမ်းမှုအကြောင်းသိကောင်းစရာ အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်




MNP ၊ မတ်  ၁၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်  သထုံခရိုင်   ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းကာ   အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက  (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။


‌ထို့နောက်   သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုး ‌ ဒေါ် ချမ်းမြေ့မြတ်နိုးနှင့်လက်ထောက်ဦးစီးမှူး ဒေါ်သက်နှင်းပွင့်တို့က ‌ကမ္ဘာပေါ်မှာရှိတဲ့ ရေအရင်းအမြစ်ညစ်ညမ်းမှုနှင့်ပတ်သတ်သည့်အကြောင်းအရာများကိုလည်းကောင်း၊ရေထုညစ်ညမ်းမှုဖြစ်ပေါ်လာရသည့်အကြောင်းအရာများဖြစ်ပေါ်လာရသည့်အကြောင်းအရာများကိုလည်းကောင်း၊ရေ၏အရေးပါပုံများကိုလည်းကောင်း၊ရေထုကိုလည်းကောင်း၊ဆိုးကျိုးများကိုလည်းကောင်း၊ကျန်းမာရေးပြဿနာများကိုလည်းကောင်း၊ရေထုညစ်ညမ်းမှုကိုလျော့ချနိုင်မည့်နည်းလမ်းများဆိုင်ရာ သိကောင်းစရာတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


ပေါင်မြို့နယ်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)