မာန်အောင်မြို့တွင် တက္ကသိုလ်ဝင်စာ‌မေးပွဲ ပထဝီဝင်ဘာသာရပ်ကိုကျောင်းသား/သူ(၂၇၂)ဦးမှ အေးချမ်းစွာ ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့တွင် တက္ကသိုလ်ဝင်စာ‌မေးပွဲ ပထဝီဝင်ဘာသာရပ်ကိုကျောင်းသား/သူ(၂၇၂)ဦးမှ အေးချမ်းစွာ ဆက်လက်ဖြေဆို





MNP ၊ မတ်  ၁၆

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင်  ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ(၈) ရက်နေ့မှစတင်၍ဖြေဆိုလျက်ရှိရာ ပထဝီဝင်ဘာသာရပ်ကိုကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။


   မာန်အောင်မြို့၌တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်စာစစ်ဌာန(၂)ခုရှိပြီးပထဝီဝင်ဘာသာရပ်ဖြေဆိုရန် စာရင်း ပေးသွင်းထားသူ (၃၁၃)ဦးရှိသည့်အနက်လာရောက်ဖြေဆိုသူ(၂၇၂)ဦး၊ပျက်ကွက်သူ(၄၁)ဦးရှိရာ ဖြေဆိုရာနှုန်း(၈၇)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


        အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။



ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)