မအီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်အား ကျောင်းသားကျောင်သူများ အေးချမ်းစွာ ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်အား ကျောင်းသားကျောင်သူများ အေးချမ်းစွာ ဆက်လက်ဖြေဆို





MNP ၊ မတ်  ၁၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အ.ထ.က(မအီ)စာစစ်ဌာနနှင့် အ.ထ.က(လမူးမော်)စာစစ်ဌာနတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ 


အဆိုပါ အ.ထ. က(မအီ) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၄၆)ဦးရှိပြီး ဖြေဆိုသူဦးရေမှာ ကျား(၁၆)ဦး၊ မ(၂၃)ဦး၊ စုစုပေါင်း(၃၉)ဦးဖြစ်ကြောင်း၊ အ.ထ.က(လမူးမော်)စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၇)ဦးရှိပြီး ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုသူဦးရေမှာ ကျား(၁)ဦး၊ မ(၅)ဦး၊ စုစုပေါင်း (၆)ဦးဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ စာစစ်ဌာန(၂)ခုတွင် ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုသူဦးရေစုစုပေါင်းမှာ (၄၅)ဦးရှိကြောင်း၊ ဖြေဆိုရန်ပျက်ကွက်သူဦးရေမှာ အ.ထ. က(မအီ) စာစစ်ဌာနတွင် ကျား(၁)ဦးနှင့် မ(၆)ဦးနှင့် အ.ထ.က(လမူးမော်)စာစစ်ဌာနတွင် ကျား(၁)ဦးရှိပြီး စုစုပေါင်း(၈)ဦးမှာ ဖြေဆိုရန်ပျက်ကွက်ကြောင်း၊ အ.ထ. က(မအီ) စာစစ်ဌာနတွင် ဖြေဆိုရာခိုင်နှုန်းအနေဖြင့် (၈၄.၇၈)ရှိပြီး ပျက်ကွက်ရာခိုင်နှုန်းမှာ(၁၅.၂၂)ရာခိုင်နှုန်းရှိကြောင်း၊ အ.ထ.က(လမူးမော်)စာစစ်ဌာနတွင် ဖြေဆိုရာခိုင်နှုန်းအနေဖြင့် (၈၅.၇၁)ရာခိုင်နှုန်းရှိပြီး ပျက်ကွက်ရာခိုင်နှုန်းမှာ(၁၄.၂၉)ရာခိုင်နှုန်းရှိကြောင်း သိရသည်။


တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်အတွင်း ဌာနဆိုင်ရာကြီးကြပ်အဖွဲ့ဝင်များ၊ မအီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေး၊ မသမာမှုကင်းရှင်းရေးနှင့် လုံခြုံရေးလျော့နည်းမှုဖြစ်စဉ်များ မဖြစ်ပေါ်စေရေးအတွက် အပြင်စည်းအား ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး စာမေးပွဲဖြေဆိုနေစဉ်၌ ထူးခြားမှုတစ်စုံတစ်ရာမရှိဘဲ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)