စာဖတ်သူများ လက်ဝယ်အရောက် မိုဘိုင်းစာငှားစနစ်ဖြင့် စာအုပ်စာစောင် အသစ်များအခမဲ့ ငှားရမ်းပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စာဖတ်သူများ လက်ဝယ်အရောက် မိုဘိုင်းစာငှားစနစ်ဖြင့် စာအုပ်စာစောင် အသစ်များအခမဲ့ ငှားရမ်းပေး


MNP ၊ မတ်  ၂၃

စာအုပ် စာပေများ စဉ်ဆက်မပြတ် လေ့လာဖတ်ရူခွင့်ရရှိစေရန်ရည်ရွယ်၍ အပတ်စဉ်မိုဘိုင်းစာငှားစနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ လှည့်လည်ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီမှစ၍ စာဖတ်သူများ ရှေ့မှောက်အရောက် လှည့်လည်ငှားရမ်းပေးခဲ့ကြသည်။


မိုဘိုင်း စာငှားစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးရာ၌ စာဖတ်သူစိတ်ကြိုက် စာအုပ်များရွေးချယ်၍ ယခုလအတွင်းရုံးချုပ်မှပေးပို့ထားသော သုတ၊ ရသ စာအုပ်အသစ်များ၊ မဂ္ဂဇင်းစာအုပ်အသစ်များ၊ လူငယ်များ စိတ်ကြိုက် ကာတွန်း၊ ရုပ်ပြ၊ ရွှေသွေးဂျာနယ်၊ ဒို့ကျေးရွာ ဂျာနယ် စသည့်စာအုပ်စာစောင်အသစ်များကို မိုဘိုင်းစာငှားပုံးများဖြင့် ယူဆောင်ကာ တစ်ဦးလျှင် ၃ အုပ်စီဖြင့် အပတ်စဉ် ၅ ရက်တစ်ကြိမ် ပြန်လည်ငှားပေးပြီး စာဖတ်ရှိန်မြှင့်တင်ပေးသည့်စနစ်ဖြင့် လှည့်လည်ငှားရမ်းပေးကာ စာဖတ်သူ၊ စာငှားသူ တိုးပွားရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိ​ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)