အခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပ


MNP ၊ မတ်  ၂၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို အ.ထ.က(၄)တွင် မတ်လ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။


အခြေခံပညာအထက်တန်အဆင့်နဲ့ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို မတ်လ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ အောင်ဆန်းရပ်ကွက်မှာရှိတဲ့ အ.ထ.က(၄) မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ လက်တွေ့ကျောင်းမှာ သင်ကြားပို့ချတဲ့ ဘာသာရပ်အလိုက်ကို သင်တန်းနည်းပြတွေက ဆွေးနွေးပွဲတက်ရောက်လာကြ တဲ့ဆရာဆရာမတွေနဲ့အတူ အပြန်အလှန်ဆွေးနွေး ပို့ချကြတာမျိုးဖြစ်ပါတယ်။ ဆွေးနွေးပွဲဆိုပေမယ့် သင်တန်းလို့လည်းပြောလို့ရပါတယ်။ အထက်တန်း အဆင့်မှာ နည်းပြဦးရေ ၁၂ ဦး၊ သင်တန်း သားသင်တန်းသူဆရာဆရာမ ၂၉ဝ ဦး၊  အလယ်တန်းအဆင့်မှာ နည်းပြဦးရေ ၂၁ ဦး သင်တန်းသား သင်တန်းသူ ၆၅၉ ဦးဖြစ်ပြီး မြို့နယ်ပညာရေးမှူးက သင်တန်းမှူးအဖြစ် ဆောင်ရွက်တာဖြစ်ပါတယ် ဟုမြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


အဆိုပါ ဘာသာရပ်စွမ်းမြှင့်ဆွေးနွေးပွဲတွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်အလိုက် သင်ကြားပို့ချရသော မြန်မာစာ၊ သင်္ချာ၊ အင်္ဂလိပ်၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ သမိုင်း၊ ဘောဂဗေဒ၊ ပထဝီဝင် ဘာသာရပ်များအလိုက် သင်တန်းသူ/သင်တန်းသား ဆရာ/ဆရာမများကို အုပ်စုခွဲ၍ ဆွေးနွေးပို့ချခြင်းဖြစ်ကြောင်း သိရသည်။


ချမ်းသာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)