ကျောက်ဆည်မြို့တွင် ကီလိုမာလကာ စိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့တွင် ကီလိုမာလကာ စိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ


MNP ၊ မတ်  ၁၈

ကျောက်ဆည်မြို့နယ်အတွင်းရှိ စိုက်ပျိုးမြေပိုင်ဆိုင်သည့် တောင်သူများအနေဖြင့် ဆည်ရေသောက် စနစ်အသုံးပြုကာ  စပါးသီးနှံကို အဓိထားစိုက်ပျိုးကြသော်လည်း ယာမြေများ၊ ဥယျာဉ်ခြံမြေများနှင့် ကျွန်းမြေများတွင် နှစ်ရှည် သီးနှံများ၊ ကာလတို၊ ကာလရှည်သီးနှံများ စိုက်ပျိုးရောင်းချလျက်ရှိရာ ကီလိုမာလကာ စိုက်ပျိုးရောင်းချသူများ  မိသားစုအပိုဝင်ငွေ ရရှိပြီး ဆင်ပြေလျက်ရှိကြောင်း သိရသည်။


ကီလိုမာလကာစိုက်ပျိုးခြင်းများနှင့် ပတ်သတ်၍ မိသားစုအပိုဝင်ငွေရရှိရေး တစ်ပိုင်တစ်နိုင် ကီလိုမာလကာ အပင် (၁၀၀)ကျော် စိုက်ပျိုးထားသည့် သင်တောင်းကျေးရွာမှ မာလကာခြံပိုင်ရှင် ဒေါ်အေးဝင်းက စိုက်ပျိုးထားတာ (၄)နှစ်ရှိပါပြီး စိုက်ပျိုးပြီးတစ်နှစ်အတွင်း ရောင်းတန်းဝင်အသီးများကို စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ဝယ်ယူသူများမှ ခြံအထိ လာရောက်ဝယ်ယူခြင်းများရှိသလို ဒိုင်သွင်းသည့် အခါများလည်းရှိကြောင်း၊ ဒိုင်သွင်းဈေးအနေဖြင့် တစ်လုံးကို (၁၀၀-၁၂၀) ကျပ်ဖြင့် ရောင်းချရပြီး လက်လီအနေဖြင့် တစ်လုံး(၁၇၀)ကျပ် ရောင်းချရကြောင်း  သိရှိရသည်။


မာလကာစိုက်ပျိုးရာတွင် လေဝင်လေထွက်ကောင်းပြီး အပင်များသန်မာပြီး အသီးများကြီးထွားစေရန် အတွက် တစ်ပင်နှင့် တစ်ပင် (၁၂)ပေခြားပြီး တစ်တန်းနှင့် တစ်တန်း(၁၅)ပေခန့်ခြားကာ စိုက်ပျိုးထား ကြောင်း၊ စိုက်ပျိုးပြီး (၁၂)လအကြာတွင် ရောင်းတန်းဝင်အသီးများ စတင်ခူးဆွတ်ရောင်းချ၍ရကြောင်း၊ အသီးများ အရောင်လှပစေရန်နှင့် သီးလုံးဖောက်ပိုးများ မဝင်စေရေး ခူးဆွတ်ရန်နှစ်လအလိုတွင် မာလကာအသီးများအား စက္ကူဖြင့်ပတ်ပြီး ပလတ်စတစ် အိပ်များစွပ်ပေးရ ကြောင်း၊ မာလကာစိုက်ပျိုးရာတွင် သွင်းအားစုနည်းပြီး အလုပ်သမားရှားပါးမှု မရှိသောကြောင့် စိုက်ပျိုးသင့်သည့် သီနှံ တစ်မျိုးဖြစ်ကြောင်း သိရသည်။


သက်မောင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment