တောင်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားနေသော အခြေခံပန်းချီသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားနေသော အခြေခံပန်းချီသင်တန်းဆင်းပွဲကျင်းပ




MNP ၊ မတ်  ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ်၃ နာရီ ၃၀ အချိန်က အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ ပန်းချီဆရာ ဝင်းဖေ(အဖျောက်)မွ အခြေခံပန်းချီရေးဆွဲ နည်းများနှင့် အရောင် လေးများအကြောင်းကို သင်ကြားခဲ့ပြီး သင်တန်းကာလမှာ (၁၃-၃-၂၀၂၃) ရက်နေ့မှ (၁၇-၃-၂၀၂၃) ရက်နေ့ထိ (၅)ရက်ကြာ သင်ကြားခဲ့သည်။


သင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းနည်းပြ ပန်းချီဆရာ ဝင်းဖေ(အဖျောက်)မွ ပန်းချီ အနုပညာဖန်တီးရာတွင် တီထွင်ကြံဆတတ်စေရန်၊ အရောင်များမှန်ကန်စွာ ရွေးချယ်တတ် စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ ပန်းချီအနုပညာပုံဖော်တတ်စေရန်  ရည်ရွယ်၍ သင်ကြားခဲ့ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယ ဆုနှင့် အထူးဆု(၂)ဆုချီးမြှင့်ခဲ့ပြီး မြို့မိမြို့ဖများမှ သင်တန်းသား၊ သင်တန်းသူနှင့် တက်ရောက်လာသူများအား ကြာဇံကြော်ဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။


ဝင်းထက်ထက်အောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment