ကျိုင်းတုံမြို့၌ ၂၀၂၃ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့၌ ၂၀၂၃ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ ကျင်းပ




MNP ၊ မတ်  ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီက မြို့မအားကစားကွင်းတွင် ကျင်းပသည်။


သင်တန်းဆင်းပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဦးစိုင်းချစ်အောင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး တာဝန်ရှိသူများက သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများအား အားကစားဝတ်စုံများ၊ ထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ နွေရာသီအားကစားသင်တန်းကို မတ်လ ၃ ရက်မှ ၁၇ ရက်အထိ ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး သင်တန်းသား၂၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


အောင်ဇင်မြင့်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)