မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ အ.ထ.က မာန်အောင် စာစစ်ဌာန၌ရူပဗေဒဘာရပ်ကိုကျောင်းသား/သူ(၁၁၃)ဦးအေးချမ်းစွာဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ အ.ထ.က မာန်အောင် စာစစ်ဌာန၌ရူပဗေဒဘာရပ်ကိုကျောင်းသား/သူ(၁၁၃)ဦးအေးချမ်းစွာဆက်လက်ဖြေဆို





MNP ၊ မတ်  ၁၄

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ၈ရက်နေ့မှစတင်ပြီး၁၈ရက်နေ့ထိနံနက်၉နာရီမှ၁၂နာရီထိ တစ်ရက်လျှင်တစ်ဘာသာနှုန်းဖြင့်ဖြေဆိုလျက်ရှိရာရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်ကိုကျောင်းသား/သူ(၁၁၃ )ဦးမှ အေး ချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။


    အဆိုပါစာမေးပွဲကို မာန်အောင်မြို့နယ်တွင်အ.ထ.က မာန်အောင်စာစစ်ဌာနနှင့်အ.ထ.က(ခွဲ)စျေးတန်းစာစစ်ဌာန(၂)ခုရှိသည့်အနက်အ.ထ.ကမာန်အောင်စာစစ်ဌာနတွင် ရူပဗေဒဘာသာရပ်ကိုဖြေဆိုရန် စာရင်းရှိကျောင်းသား/သူ(၁၃၆)ဦးရှိပြီး ဖြေဆိုသူ(၁၁၃)ဦး၊ပျက်ကွက်(၂၃)ဦးရှိရာဖြေဆိုမှုရာနှုန်း(၈၃•၁)ရာခိုင်နှုန်းရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


    မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းအောင်မြင်စွာ ပြီးစီးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များကပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)