မာန်အောင်မြို့နယ်၌ နွေရာသီအခြေခံအင်္ဂလိပ်စကားပြောသင်တန်းဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌ နွေရာသီအခြေခံအင်္ဂလိပ်စကားပြောသင်တန်းဖွင့်လှစ်ပို့ချ



MNP ၊ မတ်  ၇

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန၊(Community Centre)ခန်းမ၌ Plus Change Maker(ကျွန်းရွာ)တာဝန်ခံဆရာဦးအောင်မြင့်သူမှဦးဆောင်ပြီး နွေရာသီအခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို ယနေ့ နေ့လယ်၁၂နာရီကစတင်ဖွင့်လှစ်ပို့ချလျက်ရှိသည်။


   အဆိုပါသင်တန်းတွင်Grade-5 နှင့်အထက်ကျောင်းသား/သူများအားနွေရာသီကျောင်းအားလပ်ရက်များတွင်အခြေခံအင်္ဂလိပ် စကားပြောများကိုတတ်မြောက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊သင်တန်းသား၊သင်တန်းသူ ၁၀ ဦးအား သင်တန်းနည်းပြဆရာမနှစ်ဦးက ယခုလ၇ရက်နေ့မှမေလ၇ရက်နေ့ထိ နေ့စဉ်နေ့လယ်၁၂နာရီမှညနေ၃နာရီခွဲထိ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သင်တန်း တာဝန်ခံဆရာ ဦးအောင်မြင့်သူထံမှသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)