မာန်အောင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများစဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများစဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်လျက်ရှိ




MNP ၊ မတ်  ၇

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၁၁နာ ရီကရန်အောင်မြင်ရပ်ကွက်ရှိ ``စံ´´ကိုယ်ပိုင်အထက်တန်း ကျောင်းအား ဒုတိယမီးသတ်ဦးစီးမှူးဦးဇာနည်လင်း ဦးဆောင်သော မီးသတ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။


          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဇာနည်လင်းဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များက နေအိမ်၊အဆောက်အဦးများ၊စျေးဆိုင်များရှိ ပြည်သူများအားမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးချိတ်၊ မီးကပ်၊ မီးသတ်ဆေးဘူးများ ကြိုတင်ပြင်ဆင်ထားမှုရှိ/မရှိနှင့်မီးသတ်ဆေးဘူး သုံးစွဲပုံနည်းလမ်းများ၊လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပေါ်စေနိုင်သော မီးပလပ်ခုံများ၊ မီးခုံများအား ခံနိုင်ဝန်ထက်ပိုမိုသုံးစွဲခြင်းမပြုရန်နှင့် ဆွေးမြေ့ပေါက်ပြဲနေသော ဝိုင်ယာကြိုးများအား အသုံးမပြုရန် စသည့်အကြောင်းအရာများအား အသိပညာပေးပြောကြားပြီးမီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့အချိန်မီ သတင်းပို့ပေးရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ထားရှိမှုများအား ဆွေးနွေးအကြံပြုစစ်ဆေးခဲ့ကြောင်းသိရသည်။ 


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)