မအီမြို့ အ ထ က(မအီ) စာစစ်ဌာန၌ ၂၀၂၃- ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ (၁၅၄)ဦး ဝင်ရောက်ဖြေဆိုမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ အ ထ က(မအီ) စာစစ်ဌာန၌ ၂၀၂၃- ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ (၁၅၄)ဦး ဝင်ရောက်ဖြေဆိုမည်





MNP ၊ မတ်  ၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့ အထက်တန်းကျောင်းစာစစ်ဌာနအတွင်း၌ ၂၀၂၃-ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် မအီမြို့၊ အ ထ က(မအီ) စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုရန် ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၅၄)ဦး ရှိကြောင်းသိရသည်။


ဖော်ပြပါ အ ထ က(မအီ) စာစစ်ဌာနသို့ မအီမြို့နယ်အတွင်းမှ လက်ပံကျေးရွာ အထက်တန်းကျောင်းခွဲ၊ ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်းခွဲနှင့် ဝေကျေးရွာအထက်တန်းကျောင်းခွဲ များမှ ကျောင်းသားကျောင်းသူများက ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး  စုစုပေါင်း ကျောင်းသားကျောင်းသူ (၁၅၄)ဦးတို့သည် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာများတင်သွင်းထားကြောင်း တောင်ကုတ်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)