မအီမြို့၌ ပေါ့ဆမှုကြောင့် စည်ပင်သာယာအမှိုက်ပုံ မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့၌ ပေါ့ဆမှုကြောင့် စည်ပင်သာယာအမှိုက်ပုံ မီးလောင်မှုဖြစ်ပွား




MNP ၊ မတ်  ၇

မအီမြို့၏ အနောက်ဘက်၊ အမှတ်(၄)ရပ်ကွက် မြို့အဝင်ဆိုင်းဘုတ်အနီး၊ ရန်ကုန် <---> ကျောက်ဖြူ လမ်းမဘေးရှိ စည်ပင်သာယာအမှိုက်ပုံမှာ ယနေ့ နေ့လယ် ၁၂း၃၀ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


မီးလောင်မှုဖြစ်စဉ်အား သတင်းရရှိသဖြင့် မအီနယ်မြေမီးသတ်စခန်းမှ ဦးစီးမှူး ဦးစောကျော်လင်းနှင့် တပ်ဖွဲ့ဝင်များက မီးသတ်ရေယာဉ်ဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ရာ နေ့လယ် ၁ : ၃၀ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။


 အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ဦးစီးမှူး မီးသတ်ဦးစီးမှူး ဦးစောကျော်လင်းက " ပေါ့ဆမှုကြောင့် မီးလောင်ခဲ့တာပါ။ အမှိုက်ပုံကလည်း လမ်းဘေးမှာဖြစ်နေတော့ လမ်းသွားလမ်းလာတွေက သောက်လက်စ ဆေးလိပ်တိုကို စွန့်ပစ်ခဲ့တာနဲ့တူပါတယ်။ ကျွန်တော်တို့အနေဖြင့် ပွင့်လင်းရာသီရောက်လာတာနဲ့ မီးသတိရှိစေရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များနှင့် မီးဘေးလုံခြုံရေးအချက်အလက်များကို ညွှန်ကြားချက်နှင့်အညီ မအီမြို့ပေါ်ရပ်ကွက်များအနှံ့အသိပေးနှိုးဆော် ကြေငြာထားပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကိုယ်တိုင်လည်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက် ရှိပါကြောင်း " ပြောကြားခဲ့သည်။


အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်း၊ လူနှင့် တိရိစ္ဆာန်များ သေဆုံးခြင်းမရှိသည်ဖြစ်၍ ဆုံးရှုံးမှုတစ်စုံတစ်ရာမရှိကြောင်း သိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)