အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Cen tre)၌ အနာဂတ်ရိက္ခာ စာဖတ်ပါ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Cen tre)၌ အနာဂတ်ရိက္ခာ စာဖတ်ပါ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ




MNP ၊ မတ်  ၇

  ရခိုင်ပြည်နယ်၊ အမ်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity  Cen tre)ခန်းမတွင် စာပေ မြတ်နိုးသူ Book Club အသင်းဝင် လူငယ်များနှင့် အနာဂတ်ရိက္ခာ စာဖတ်ပါ ခေါင်းစဉ်ဖြင့် စာဖတ် ဝိုင်းကို ယနေ့ နေ့လယ်(၁၂)နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။


 အဆိုပါ  စာဖတ်ဝိုင်းကို  လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိ တ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည် ရွယ်ချက်ဖြင့် မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ  ဦးစန်းဝင်းက  စာဖတ်ရှိန်မြှင့်တင်ရေးအ တွက် စာဖတ်ဝိုင်းများ ကျင်းပပေးခြင်းနှင့်စာရေးဆရာ ညွန့်ဝေမိုး ရေးသားသည့်အနာဂတ်ရိက္ခာ စာဖတ်ပါ ဆောင်းပါးမှ စာကိုအချိန်ယူ ဖတ်မှတ်လေ့လာခြင်းဟာ ကိုယ့်ရဲ့ဦးနှောက်ဖွံဖြိုးတိုးတက်ဖို့အတွက် အကျိုးပြုတဲ့အပြင် စာဖတ်ခြင်းကနေ ကလေးတို့အတွက် အနာဂတ်မှအကျိုးပြုမယ့်အရည်အသွေးကောင်းတွေကိုရရှိလာသည့်အပြင် အသိပညာဗဟုသုတပြည့်စုံခြင်း၊ တီထွင်ဖန်တီးနိုင်စွမ်းရှိခြင်း၊ ဘဝအဆင့်မြှင့်တင်နိုင်ခြင်း စသည့်အရည်အသွေးတွေရရှိမည်ဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။  


 ထို့နောက် မြတ်နိုးသူ Book Club အသင်း ဝင်  မဆောင်းလဲ့လဲ့ဦးက အသက်အရွယ်ကြီးရင့်လာတဲ့အခါ ကိုယ့်အသက်အရွယ်မှာ ရှိသင့်ရှိထိုက်တဲ့ အသိပညာ၊ ဗဟုသု တမရှိရင် လူအများရဲ့ ကဲ့ရဲ့ခြင်း၊ ပျက်ရယ်ခြင်းပြုခံရမည်ဖြစ်ကြောင်းဆွေးနွေးပြောကြားပြီး မနွယ်နွယ်စိုးက စာများများဖတ်ကြလို့သာ သူတို့ရဲ့ကိုယ်ပိုင်လက်ယာတွေကို ဖန်တီးနိုင်ကြကြောင်း၊တီထွင်ဖန်တီးနိုင်စွမ်းရရှိလာတာဖြစ်ကြောင်း၊ မခင်ခင်စိုးက ပုရွက်ဆိပ်က ဝိရိယရှိရှိနဲ့ အစာရေစာကြိုတင်စုဆောင်းထားလို့ စားနပ်ရိက္ခာရှားပါးတဲ့ကာလမှာ ဒုက္ခမကြုံရသည့်အကြောင်းအရာများကိုဆွေးနွေးပြောကြားခဲ့သည်။


 ဆက်လက်၍ Book Club အသင်း ဝင်များက အနာဂတ်ရိက္ခာ စာဖတ်ပါ ဆောင်းပါးမှသိရှိလို သည့်အကြောင်းအရာ များကို မေးမြန်းရာ မြို့နယ်ဦးစီးမှူးက ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment