ပုဏ္ဏားကျွန်းမြို့၌ နွေရာသီကျောင်းပိတ်ရက် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ နွေရာသီကျောင်းပိတ်ရက် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်




MNP ၊ မတ်  ၁၈

      ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ နွေရာသီ အားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ် စေရေးအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့၊ နံနက်(၉)နာရီက လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။


       သင်တန်းဖွင့်ပွဲတွင် ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဦးသိန်းတန်အောင်က သင်တန်းဖွင်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ပုဏ္ဏားကျွန်းမြို့နယ် အထ(ခွဲ)သင်ပုန်းတန်းကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်အောင်ကြာဖြူက ယခုသင်တန်းမှာ တက်ရောက်သင်ကြားတဲ့ ကျောင်းသား လူငယ်များအနေဖြင့် အခြေခံအင်္ဂလိပ်စာကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြဖို့၊ အခြေခံ အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်ပါက ကျောင်းစာတွင်သာမက နောင်တစ်ချိန်တွင် အင်္ဂလိပ် စကားပြောဆိုနိုင်သည်အထိ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။


  အဆိုပါသင်တန်းတွင် အခြေခံအင်္ဂလိပ်စာ သဒ္ဒါရေးသားနည်း၊ ဝေါဟာရ၊ စကားစုများ စသည်တို့ကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ သင်တန်းသို့ မူလတန်းလွန်အဆင့် ကျောင်းသား၊ လူငယ်(၁၇)ဦးတက်ရောက်သင်ကြားကာ သင်တန်းကာလမှာ မတ်လ(၁၈)ရက်နေ့မှ ဧပြီလ (၈)ရက်နေ့အထိ၊ အပတ်စဉ် စနေနေ့နှင့်တနင်္ဂနွေနေ့များတွင် နံနက်(၉)နာရီမှ(၁၁)နာရီအထိ၊ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment