ရွှေတောင် မြို့နယ် တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်းအထူးစုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ် တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်းအထူးစုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းများဆောင်ရွက်




MNP ၊ မတ်  ၁၈

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် တွင်ယနေ့နံနက် ၇း၀၀နာရီက ရွှေတောင် မြို့နယ် အတွင်း ဥပဓိရုပ်ကောင်းမွန်၍ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်းအထူးသန့်ရှင်းရေးဆောင်ရွက်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါ အထူးသန့်ရှင်းရေးဆောင်ရွက်ခြင်းကိုယနေ့နံနက်ပိုင်းက ရွှေတောင် မြို့ သရက်တောရပ်ကွက်  ကျောင်းကုန်းလမ်းလမ်းထိပ်မှစတင်၍ ရန်ကုန် -  ပြည်ကားလမ်းဘေး ဝဲ / ယာတစ်လျှောက်တွင်ပြုလုပ်ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင် နှင့်အဖွဲ့ဝင်များ၊  ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ ၊နွားမယံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များစုစုပေါင်းအင်အား (၄၂၆)ဦးခန့်ဖြင့် ပေါင်းမြက်များ၊ချုံနွယ်များ၊ အမှိုက်သရိုက်များ ဖယ်ရှား ရှင်းလင်းခြင်း၊ သစ်ကိုင်းသစ်ခက်များ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပြုလုပ်ခဲ့ပြီး ထွက်ရှိအမှိုက်များအား သဘာဝမြေဆွေး မြေသြဇာ (EM ဘိုကာရှီ) ပြုလုပ်သရုပ်ပြသခြင်းကို စိုက်ပျိုးရေး ဦးစီးဌာနနှင့် စုပေါင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)