MNP ၊ မတ် ၃၁
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ပါဠိပထမပြန်စာမေးပွဲ ကို ဖောင်တော်ဦး စေတီတော်ရှိ မဟာဝိဇယဓမ္မာရုံ၌ ယနေ့မွန်းလွဲ(၁)နာရီ အချိန်မှညနေ(၄)နာရီ အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
ထိုသို့ဖြေဆိုကြရာတွင်ပါဠိပထမပြန် စာမေးပွဲ ပထမငယ်တန်းတွင် တိကဒုကမာတိကာ ဘာသာရပ် ဖြေဆိုရန်စာရင်းရှိ(၃၉)ပါးရှိသည့် အနက်(၂၉)ပါး ကလည်းကောင်း ၊ အခြေပြုမူလတန်းတွင် တိကမာတိကာ ဘာသာရပ်ကို ဖြေဆိုရန် စာရင်းရှိသံဃာ(၇၄)ပါးရှိသည့်အနက်(၄၅)ပါးကလည်းကောင်း ၊ ပထမကြီးတန်းတွင် အဘိဓာန်အလင်္ကာဆန်း ဘာသာရပ်ကို ဖြေဆိုရန်စာရင်းရှိ သံဃာ(၇)ပါးရှိသည့် အနက်(၄)ပါးက လည်းကောင်း ၊ပထမလတ်တန်း တွင် သုတ္တန္တိကမာတိကာဓာတုကထာ ဘာသာရပ်ကို ဖြေဆိုင်ရန်စာရင်းရှိ သံဃာ(၈)ပါးရှိ သည့်အနက် (၃)ပါးဖြေဆို ခဲ့ကြောင်း မြို့နယ်သံဃနာယကအဖွဲ့ မှသိရသည်။
သံဃာတော်များစာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်အလှူရှင်များက နေ့စဉ်ဆွမ်းဘောဇဉ်အဟာရများလှူဒါန်းလျက်ရှိကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment