အမ်းမြို့နယ် ဓာတ်ပေါင်းစုစေတီတော်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် ဓာတ်ပေါင်းစုစေတီတော်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်




MNP ၊ မတ်  ၁၁

  ရခိုင်ပြည်နယ်၊ အမ်း ခရိုင်၊ အမ်းမြို့နယ်အမှတ်(၃)စျေးရပ် ကွက်ရှိ ဓာတ်ပေါင်းစုစေတီတော် ပုရဝုဏ်

တွင် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက်(၇)နာရီအချိန်က ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။


   မြို့နယ်အတွင်းရှိ ဘုရားစေတီတော်များ၊မြို့ပေါ်ရပ်ကွက်များနှင့်လမ်းဘေးဝဲ များတွင် ပတ်ဝန်း ကျင် သန့်ရှင်းသာ ယာလှပရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်း ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက် နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများနှင့် ဝန် ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့မှ တပ်မတော်သားများ ပူးပေါင်း၍ စေတီတော်ပရဝုဏ်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး  ခြုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်း လင်းခြင်း၊ အမှိုက်ကောက်ခြင်းများစုပေါင်းဆောင်

ရွက်ခဲ့ကြောင်းသိရသည်။

      

စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment