ရမ်းဗြဲမြို့ ပြညသူ့ဆေးရုံဝင်းအတွင်း ဌာနဆိုင်ရာများသန့်ရှင်းရေးဆောင်ရွက်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးခင်မောင်သန်း ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့ ပြညသူ့ဆေးရုံဝင်းအတွင်း ဌာနဆိုင်ရာများသန့်ရှင်းရေးဆောင်ရွက်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးခင်မောင်သန်း ကြည့်ရှုအားပေး





MNP ၊ မတ်  ၁၁

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြို့ရွာများသန့်ရှင်းသာယာရေးအတွက် စနေနေ့တိုင်းဆောင်ရွက်ပေးလျက်ရှိရာယနေ့ နံနက် ၇ နာရီက ပြည်သူ့ဆေးရုံဝင်းသန့်ရှင်းသာယာရေးအတွက်ဌာနဆိုင်ရာဝန်ထမ်းများမှစုပေါင်းဆောင်ရွက်ပေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်သန်းလာရောက်၍ ကြည့်ရှုအားပေးသည်။


ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကပူးပေါင်းဆောင်ရွက်ပေးကြသည်။


အဆိုပါပူးပေါင်းအဖွဲ့တို့သည် ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ သစ်ရွက်ခြောက်များ၊ မြက်၊ ပေါင်း၊ ခြုံ နွယ်များကိုခုတ်ထွင်ရှင်းလင်းပေးခြင်း ပလပ်စတစ်များနှင့်စွန့်ပစ်ပစ္စည်းများအား ကောက်

ယူရှင်းလင်းပေးခြင်းများနှင့်အတူ  မီးလောင်လွယ်သည့်အမှိုက်များအားကောက်ယူဖယ်ရှားပေးပြီးစည်ပင်

သာယာရေးအမှိုက်သိမ်းယာဉ်ဖြင့်စနစ်တကျသယ်ဆောင်ပေးခဲ့ကြသည်၊ ၎င်းသန့်ရှင်းရေးဆောင်ရွက်နေခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်သန်းကလာရောက်၍အားပေးကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


အောင်နိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)