သာစည်မြို့နယ် သစ်စီးရေကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေများ ဆဋ္ဌမအကြိမ်ထုတ်ချေးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သာစည်မြို့နယ် သစ်စီးရေကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေများ ဆဋ္ဌမအကြိမ်ထုတ်ချေးပေး



MNP ၊ မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ကျေးရွာများတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ်ထုတ်ချေးပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က အလယ်ကန်ကျေးရွာအုပ်စု၊ သစ်စီးရေကျေးရွာ၌ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါမြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ် မြသက်ဝင်းက ရှင်းလင်းပြောကြားခဲ့ပြီး၊ မြစိမ်းရောင်စီမံကိန်းဆောင်ရွက်လျက်ရှိသော၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၄၀)ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၁၀၅)ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ(၈) ဦး၊ စုစုပေါင်းအသင်းသား (၁၅၃)ဦး တို့အား ငွေကျပ် (၄၁၈)သိန်းကို တာဝန်ရှိသူအသီးသီးတို့က ပေးအပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)