အမ်းမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည် ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးညှှိနိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည် ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးညှှိနိုင်း အစည်းအဝေးကျင်းပ





MNP ၊ မတ်  ၁၅

  ရခိုင်ပြည်နယ်၊ အမ်း ခရိုင်၊ အမ်းမြို့ နယ်၌ မဟာသင်္ကြန်ပွဲတော် စည် ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာ ဝန်ရှိသူ များတက်ရောက်၍ယမန်နေ့ နေ့လယ် အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။


      ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက် က ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် အား စည်ကားသိုက် မြိုက်စွာ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်တည်ဆောက် မည့် နေရာ၊တည်ဆောက်ရေးလုပ်ငန်းများ၊ရေရရှိရေးဆောင်ရွက်မှုလုပ်ငန်း၊ သင်္ကြန်ယိမ်းအဖွဲ့များခေါ်ယူလုပ်ငန်း၊ ဖွင့်ပွဲ ပိတ်ပွဲ အစီအစဥ်များအားစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ ဧည့်ခံကျွေး မွေးရေးနှင့်ဖျော်ဖြေ ရေးအစီအစဥ်များ၊ လုံခြုံရေးကဏ္ဍများကိုဆွေး နွေးပြောကြား ခဲ့သည်။ 


 ဆက်လက်၍  ခရိုင်/စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင် ရာတာဝန်ရှိသူများက ယခင်နှစ်မဟာသင်္ကြန်ပွဲတော်ဆောင်ရွက်ခဲ့မှုအတွေ့အကြုံများနှင့် ယခုနှစ်ဆောင်ရွက်မည့်အစီအစဥ်များကိုဆွေးနွေးတင်ပြခဲ့ရာ တင်ပြချက်များအပါ်ခရိုင်စီမံအုပ်ချုပ်ရေးအ ဖွဲ့ဥက္ကဋ္ဌ  က မဟာသင်္ကြန်ပွဲတော် စည် ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအ တွက်လုပ်ငန်းကဏ္ဍများအလိုက်ပေါင်း စပ်ညှှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)