ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများမှ မိမိသဘောဆန္ဒဖြင့် နေရပ်ပြန်ကြမည့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများမှ မိမိသဘောဆန္ဒဖြင့် နေရပ်ပြန်ကြမည့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်


MNP ၊ မတ် ၄

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းရှိ ရှော်မယ်၊ လက်ကောက်ဈေး၊ ထမ္မရာဇ်၊ တောင်မြင့်၊ ဝက်လှ၊ မြို့သစ်၊ ကိုးနဝင်းနှင့် ပြလှ ယာယီခိုလှုံရာစခန်းများ၌ ခေတ္တခိုလှုံနေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင် မိသားစုများသည် ၎င်းတို့၏သဘောဆန္ဒဖြင့် မူလနေရပ်ဒေသများသို့ ပြန်လည်နေထိုင်ကြမည် ဖြစ်ရာ အဆိုပါယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များ လတ်တလော စားသောက်နေထိုင်ရေး အဆင်ပြေ စေရန်အတွက် ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မြောက်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြောက်ဦးတပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နေရပ်ပြန်အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။


ဦးစွာ တာဝန်ရှိသူများက အားပေးအမှာစကားများ ပြောကြားကြသည်။ ထို့နောက် တာဝန်ရှိသူများက ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် အိမ်ထောင်စု ၁ စုလျှင်ငွေကျပ် ၅၀၀၀၀၀ နှုန်းဖြင့် အိမ်ထောင်စု ၁၄၂ စုအတွက် ငွေကျပ်သိန်း ၇၁၀ ကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၁၄၂ သိန်းကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေ တစ်လစာအတွက် လူ ၁ ဦးလျှင် ၉၀၀၀ ကျပ်နှုန်းဖြင့် လူဦးရေ ၅၈၂ ဦးအတွက် ထောက်ပံ့ငွေ ၅၂၃၈၀၀၀ ကျပ်ကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့သည့် အိမ်ထောင်စု ၁ စုလျှင် လူသုံးကုန်ပစ္စည်း ၁၇ မျိုးပါသည့် Family Kit ၁ ပုံးနှုန်းဖြင့် Family Kit ၁၄၂ ပုံးနှင့် အိမ်ထောင်စု ၁ စုလျှင် တာပေါ်လင်စ ၁ စနှုန်းဖြင့် တာပေါ်လင်စ ၁၄၂ စကိုလည်းကောင်း စခန်းတာဝန်ခံ များထံ အသီးသီးထောက်ပံ့ပေးအပ်ကြသည်။


ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့နှင့်တပ်မတော်တို့မှ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများမှ ၎င်းတို့၏ နေရပ်အသီးသီးသို့ပြန်လည်ထွက်ရှိကြမည့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များ၏ အိမ်သုံးကုန်ပစ္စည်းများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာဆိုင်ရာဝန်ထမ်းများက မော်တော်ယာဉ်များ၊ စက်လှေများပေါ်သို့ ကူညီသယ်ယူပို့ဆောင်ပေးကြပြီး ၎င်းတို့၏နေရပ် ကျေးရွာများအရောက် အခမဲ့ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)