စဉ့်ကူးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၆၈၃)ဦးတို့အား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၆၈၃)ဦးတို့အား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်





MNP ၊ မတ်  ၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ ပေးအပ်လျက်ရှိသည်။ 


အဆိုပါ လူမှုရေးပင်စင် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ၃ လလျှင် တစ်ကြိမ် ပေးအပ်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် စဉ့်ကူးမြို့နယ်အတွင်းရှိ မြို့ပေါ်(၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃၇)အုပ်စုတို့မှ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၆၈၃)ဦးတို့အား လူမှုရေးပင်စင် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၀၄၉၀၀၀၀/-)ကို စဉ့်ကူးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် သွားရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။


တင်ဇာလွင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)