စဉ့်ကူးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိလာသည့် နယ်ကျောင်းသားကျောင်းသူများ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိလာသည့် နယ်ကျောင်းသားကျောင်းသူများ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်




MNP ၊ မတ်  ၇

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုရန် ရောက်ရှိလာသည့် နယ်ကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို စဉ့်ကူးမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ မဟာစည် သာသနာ့ရိပ်သာတွင် ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။ 


ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းကျော်နိုင် နှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်း တို့က မြစိမ်းကျေးရွာ၊ သာယာဝတီကျေးရွာ၊ ကြာဥယျာဉ် ကျေးရွာနှင့်  လက်ပန်ကုန်းကျေးရွာတို့မှ အခြေခံပညာအထက်တန်းကျောင်း (စဉ့်ကူး) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိလာသည့် ကျောင်းသားကျောင်းသူ (၂၄)ဦး၊ ဆရာ/ဆရာမ (၆)ဦး နှင့် ကျောင်းသားမိဘ (၈)ဦးတို့အား တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ တစ်ဦးလျှင် ဆန်(၂)ဗူး၊ ဆီ (၂.၅)ကျပ်သား၊ အသီးအရွက် (၂၀၀)ကျပ်၊ အမယ်စုံ(၁၀၀)ကျပ်၊ ကြက်ဥ (၁)လုံး၊ အသား (၁၀)ကျပ်သားနှင့် သောက်ရေသန့်ဗူးကြီး တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ထိုသို့ထောက်ပံ့ပေးခြင်းကို စာမေးပွဲဖြေဆိုပြီးသည့် အချိန်အထိ နေ့စဉ် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်သည်။


ဆက်လက်၍ အခြားကျေးရွာများမှ ထပ်မံရောက်ရှိလာမည့် ကျောင်းသားကျောင်းသူများ၏  တည်းခိုနေထိုင်ရေးနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်နိုင်ရေးတို့ကိုလည်း  စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

 

တင်ဇာလွင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment