ပေါင်းတည်မြို့နယ်၌ နွေစပါးစိုက်ဧက ပြည့်မီကျော်လွန်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်မြို့နယ်၌ နွေစပါးစိုက်ဧက ပြည့်မီကျော်လွန်ရေး ညှိနှိုင်းဆွေးနွေး


MNP ၊ မတ်  ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် နွေစပါးတိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နွေစပါးစိုက်ဧက ပြည့်မီရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကိုယနေ့ နံနက် ၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။


အခမ်းအနားသို့ နတ်တလင်းခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်၊ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနဦးစီးမှူးများ၊ ဆည်မြောင်းဦးစီးဌာန ဦးစီးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်း ၉၅ ဦးတက်ရောက်ကြသည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် နွေစပါးစိုက်ပျိုးထုတ်မှု ပြည့်မီကျော်လွန်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ကွင်းများသို့စိုက်ပျိုးရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ရေး၊ တောင်သူများအနေဖြင့် စိုက်နည်းစနစ်မှန်ကန်စွာစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးထုတ်လုပ်မှုအတွက် သွင်းအားစုများကို အကျိုးရှိအောင် ထိရောက်စွာ အသုံးပြုရေးနှင့် အထွက်တိုးအောင် ဆောင်ရွက်ရေးတို့ကို အကျယ်တဝင့်ဆွေးနွေးမှာကြားရာ တာဝန်ရှိသူများကစိုက်ကွင်းများတွင် စိုက်ပျိုးပြီးစီးမှု အခြေအနေများကို တင်ပြဆွေးနွေးကြသည်။


ပေါင်းတည်မြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ် ၊နွေစပါးစိုက်ဧကကို ၂၃၂၃၀ဧက စိုက်ပျိုးရန်လျာထားကြောင်း၊ စပါးစျေးကောင်းမွန်မှုကြောင့် တောင်သူများအနေဖြင့်ပိုမို ကျော်လွန်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် သွင်းအားစုများ ပံ့ပိုးကူညီမှုများဖြင့် ဆောင်ရွက်ပေးထားကြောင်း၊ ဝဲကြီးရေလှောင်တမံမှ စိုက်ပျိုးရေများကို ပေးဝေထားပြီးဖြစ်ကြောင်းကိုသက်ဆိုင်ရာ ဌာနတာဝန်ခံများက ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။


အဆိုပါ စိုက်ပျိုးရေးသွင်းအားစုလုပ်ငန်းဆောင်ရွက်ရာ၌ ရွှေဝါရောင် ကောက်ပဲသီးနှံ ကုမ္ပဏီက အကျိုးတူ ပူးပေါင်းဆောင်ရွက်ရွက်ခြင်းဖြစ်ပြီး၊ ပူးပေါင်းဆောင်ရွက်လိုသည့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအားစိုက်ဧက တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းသို့မဟုတ် ၄င်းတန်ဖိုးနှင့်ညီမျှသော စိုက်ပျိုးထုတ်လုပ်ရေး သွင်းအားစုများကို တောင်သူအစုအဖွဲ့များအား ကြိုတင်ပေးအပ်လျက်ရှိကြောင်း သိရသည်။


ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် နွေစပါးစိုက်ပျိုးထုတ်လုပ်ရေးအတွက် ထွန်ယက်စိုက်ပျိုးနေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


သူရကြီး 

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)