သဲကုန်းမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


MNP ၊ မတ်  ၁၇

ပဲခူတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီက သဲကုန်းမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး  ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအစည်းအဝေးတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများယိမ်းဖြစ်မြောက်ရေး အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံကိန်းဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူးဦးသိန်းဇော်က မဟာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ်တွင် ယိမ်းအကဖျော်ဖြေရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများ၊ စတုဒီသာကျွေးမွေးရေးတို့နှင့် နှစ်ဆန်း(၁)ရက်နေ့တွင် ပရိတ်တရားနာယူရန်၊ မြို့တွင်းလှည့်လည်ပူဇော်ရန်နှင့် သက်ကြီးပူဇော်ပွဲများကျင်းပသွားမည့် ကိစ္စများဆောင်ရွက်ရန် အစီအစဉ်များရန်ပုံငွေရရှိရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ 


ထို့နောက် တက်ရောက်လာသောဌာနဆိုင်ရာများက မြို့နယ်အဆင့်ဌာနဆိုင်ရာများယိမ်းဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)